တချိန်က မန္တလေး နန်းရှေ့ လို့ပြောလိုက်ရင် မန်းမြေမှာ ဒါတွေ ရှိခဲ့တယ်…

တချိန်က မန္တလေး နန်းရှေ့ လို့ပြောလိုက်ရင် မန်းမြေမှာ ဒါတွေ ရှိတယ်…နန်းရှေ့ လို့ပြောလိုက်တာနဲ့

ဘာကိုအရင်ဆုံးပြေးမြင်မိလဲ … ?? ကျွန်တော်တို့ နန်းတော်ကြီးရဲ့အရှေ့အရပ်မှာတော့ဗျ ..မြန်မာ့ဂီတလောကတွင်

ကျော်ကြားလှသော ဂီတစာဆိုဆရာကြီး နန်းတော်ရှေ့ဆရာတင်ရှိခဲ့ပါတယ်(အိမ်လည်းခုထိ ရှိပါတယ်)ပညာစာ‌ပေမှာမြန်‌မာတစ်‌နိုင်‌ငံလုံးက‌တောင်‌ နန်းရှေ့မြို့စားကြီးလို့‌တောင်‌တင်‌စား‌ခေါ်ဆိုရတဲ့ ကဗျာဆရာကြီး

ပိုင်‌စိုး‌ဝေလည်းရှိပါသေးတယ် ယခုလက်ရှိနေထိုင်ဆဲပါ၁၉၂၀မှစတင်ထူထောင်ပြီး စာကြည့်တိုက်မှတ်ပုံတင်အမှတ် (၁)

ဟူသောဂုဏ်ပုဒ်ဖြင့် နှစ်-၁၀၀ပြည့်တော့မည့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာစာကြည့်သင်းကြီးတည်ရှိပါတယ်ဟင်္သာတို့ရဲ့

နန်းတော်ရှေ့ဆိုတဲ့ အဆိုတော်ကြီးလွှမ်းမိုးရဲ့သီချင်းထဲက မင်္ဟသာရဲ့အိမ်လည်းရှိပါတယ်ဘဝဒဿနတွေနဲ့ အမှန်တွေက်ို

ရေးပြီးချိတ်ဆွဲပြထားတဲ့ ကြိုင်သင်းလက်ဖက်ရည်ဆိုင်ကြီးလဲရှိတယ် -တမ်းတ လ္ဘက်ရည်ဆိုင်လဲရှိခဲ့တယ် ပိတ်သွားတာ

ဆယ်စုနှစ်တစ်စုကြာပြီမုန့်ပြားသလက်ထဲကို ကြက်ဥ၊ ဝက်ဆီဖက်ထည့်ရောင်းတဲ့နန်းရှေ့စျေးထောင့်က မုန့်ပြားသလက်

သည်လည်းရှိတယ်ပြီးတော့တေးရေးဆရာ ဆူး ရဲ့အိမ်လည်းရှိတယ် အနှစ်လေးဆယ်ကျော် ရောင်းချလာတဲ့ မော်မော်ထွန်းမြန်မာ

ထမင်းဆိုင်လည်းရှိတယ်အသုပ်စုံဆို နာမည်ကြီး V2 ဗထူး အသုပ်ဆိုင်လည်းရှိတယ် ဒေါ်စုနှင့်သားများ ဦးမောင်ကို

ယက္ကန်းရုံကြီးလည်းရှိတယ်မောင်မောင်ယဉ် အိုအေစစ် ဓာတ်ပုံတိုက်နဲ့ရေခဲခြစ်ဆိုင်လည်းရှိတယ် သုခမဓာတ်ပုံဆိုင်နဲ့

-စိန်မိုဃ်းဓာတ်ပုံတိုက်လည်းရှိတယ် ငယ်ငယ်က ပတ်စပို့ပုံဖြူမဲဆိုသုခုမပဲပြေးရိုက်ရတာငွေစန္ဒာဖိနပ်တိုက်လည်းရှိတယ်

ဆေးဆိုင်ဆိုရင် ငယ်ငယ်ကတည်းကသိတာ မိုးဆမ်းပန်းဆေးဆိုင် နဲ့ နေမျိုးဆေးဆိုင်လည်း ရှိတယ်ရွှေစည်တရား

ရိပ်သာလည်းရှိသေးတယ် မင်္ဟသာတို့အိမ်ရှေ့ မျက်နှာချင်းဆိုင် မှာတိုက်တော်ကျောင်းတိုက်နဲ့၆၂ လမ်းပေါ်မှာ ရှိကြတဲ့ စိန်တုံးကျောင်း၊မတ္တရာကျောင်း ရွှေကန္နရီကျောင်းနဲ့ ခင်မကန်ကျောင်းတို့လည်းရှိနေပါသေးတယ်

စစစ ရုံးကြီး ၉၅ စစ်တပ်ကြီး သစ်လုပ်ငန်းရုံးဝင်းကြီး(ADB လို့လဲခေါ်ကြ) ၊ အောင်မြေသာစံကားကြီးကွင်းနဲ့

စက်မှုလက်မှုသင်တန်းကျောင်းကြီးလည်းရှိသေးတယ်နာမည်ကြီး ရွှေလက်ရာ မုန့်ဟင်းခါးဆိုင်လည်းရှိတယ်

ဖောင်တော်ဦး ဘက ( ဘုန်းတော်ကြီးသင်ပညာရေး) ကျောင်းကြီးလည်းရှိတယ်လိုချင်တာဝယ်လို့ရတဲ့

နန်းတော်ရှေ့စျေးကြီးလည်းရှိတယ် ပြည်တော်သာတိုက်တန်းလည်းရှိတယ်နန်းရှေ့စျေးနားက

ခိုတောင်ရွာကလာရောင်းတဲ့ မစန်းလွင်ခိုတောင်မုန်တီသုပ်လည်းရှိတယ် ( နန်းကြီးသုပ်)မင်းတုန်းမင်းကြီးတည်ခဲ့တဲ့ အတုမရှိကျောင်းကြီးလည်းရှိတယ် ပန်းပုလက်ရာအနုစိတ်တွေနဲ့ ရွှေကျောင်းကြီးလည်းရှိတယ်

စန္ဒာမုနိဘုရားနဲ့၊ ကျောက်တော်ကြီးဘုရားလည်းရှိတယ်၊ကုသိုလ်တော်ဘုရားလည်းရှိတယ်ပါဠိ တက္ကသိုလ်ကြီးလည်းရှိတယ်

ဇီဝိတဒါန သံဃာဆေးရုံကြီးလည်းရှိတယ် သဘင်သည်တွေမွေးထုတ်ပေးတဲ့ ပန်တျာကျောင်းလည်းရှိတယ်ဒေါ်စိန်ရင်

အကြော်ဆိုင်လည်းရှိတယ် နန်းရှေ့စျေးနားကလူငယ်စက်ချုပ်ဆိုင်လည်းရှိတယ် “ကျော်ကြီးနှင့်ညီများဆံပင်ညှပ်ဆိုင်

လည်းရှိတယ်သင်္ကြန်မိုးဇာတ်ကားထဲက ရေနီမြောင်းကြီးလည်းရှိတယ် ဧရိပ်မွန် အမျိုးသမီးမိဘမဲ့သီလရှင်ကျောင်း

ကြီးလည်းရှိတယ် နန်းရှေ့ဘောလုံးကွင်းကြီးလည်း ရှိတယ် နိုင်ငံခြားဘာသာတက္ကသိုလ်ကြီးလည်း ရှိသေးတယ်အမှတ် ၁ ရဲစခန်းလည်းကျန်သေးတယ် ရေစစ်ကန်ကြီးနဲ့ မုန်တိုင်း ဓမ္မာရုံကြီးလည်းရှိတယ် ရှေး မြန်မာဘုရင်တွေလက်ထက်က

ဆင်တွေသွားလာနေခဲ့တဲ့ ဆင်လမ်းမဆိုတဲ့လမ်းလည်းရှိတယ်ကာလီမယ်တော်ကြီးရဲ့ ဟိန္ဒူဘုရားကျောင်းလည်းရှိတယ်

ရွှေပန်းတိမ်ဖိုတွေလည်းရှိသေးတယ် – ဦးခိုင် ၊ ဦးသန်း မုန့်တီဖို တွေ လည်းရှိသေးတယ်အမှတ်(၁၇)အထက

ကျောင်းကြီးလည်းရှိသေးတယ် အလုပ်သမားဆေးရုံကြီးလည်းရှိတယ်ဦးလေးကြီးကျောင်းခေါ် အမက (၄)ကျောင်း

လေးလည်းရှိပါသေးတယ် အ.လ.က (၁၁)ကျောင်းလည်း ရှိသေးတယ်အင်းဝအသုပ်ဆိုင်နဲ့ ရေခဲစိမ်ကွမ်းယာလည်း

ရှိသေးတယ် ၂၄ နာရီလုံးဖွင့်တဲ့ ဘဝသစ် မိုးအလင်း လ္ဘက်ရည်ဆိုင်လည်းရှိသေးတယ် မိသားစု လ္ဘက်ရည်ဆိုင်လည်းရှိသေးတယ်။ဟော…………အခုပြောပြချင်တဲ့အကြောင်းလေးတစ်ခုလာပါပြီ သူကတော့ နန်းရှေ့တခွင်မှာမသိသူမရှိတဲ့

စက်ဘီးပေါ်မှာ ရောင်းစရာလူသုံးကုန်ပစ္စည်းလေးတွေကိုတင်ပြီး စျေးလိုက်ရောင်းတဲ့ ဘီးသည်ကြီး ဦးလှရွှေပဲဖြစ်ပါတယ်

စက်ဘီးလေးနဲ့ ရပ်ကွက်တကာကိုလိုက်ပြီးလည်ရောင်းတာမို့ ဘီးသည်ကြီးလို့အများကခေါ်ကြပါတယ် ညမှောင်လာတဲ့အခါ

ဖယောင်းတိုင်လေးထွန်းပြီးရောင်းပါတယ်သူ့စက်ဘီးလေးပေါ်မှာ တင်လာပြီးရောင်းချတဲ့ ပစ္စည်းတွေကတော့ စုံစီနဖာ

အကုန်လုံးကိုပါနေပါတယ်ပရုတ်လုံး ရှူဆေး ဖယောင်းတိုင်အမွှေးတိုင် အပ်ချိတ်အပ်ချည်လုံး ကလေးကစားစရာ ကော်ရုပ်

သရေကြိုး အဝတ်ချုပ်အပ် ဘလိပ်ထား ဘောပင် ခဲတံ ပေတံမိန်းကလေးခေါင်းစည်းကြိုး စကုတ် ကလစ်ထိုင်းနိုင်ငံထုတ်

အာချီမိတ်ကပ်ကအစ ပါနေပါသေးတယ်သူ့ မိုဘိုင်းစျေးဆိုင်လေးပေါ်မှာ အိမ်ရှင်မတို့အတွက် စျေးထိတကူးတကသွားပြီးဝယ်စရာမလိုတဲ့ဟာတွေကို

တင်ပြီးရောင်းချပေးတဲ့ စျေးဆိုင်လေးပါပဲသူလာရင်အော်တဲ့အသံကလည်း Admin တောင်အခုထိကွဲကွဲပြားပြား

မသိသေးပါဘူး သက်အရွယ်အား ဖြင့်(၆၀) ကျော် အရွယ်လောက်ရှိနေပါပြီအခုတော့ ခေတ်ရေစီးကြောင်းပြောင်း

လာတော့ သူလည်း ဆယ်စုနှစ်တနှစ်နီပါးအသုံးပြုလာတဲ့စက်ဘီးလေးကိုပစ်ပြီး လုပ်ငန်းတွင်ကျယ်မြန်မြန်ရောက်စေဖို့

ဆိုင်ကယ်လေးနဲ့ဖြစ်သွားပါပြီဆိုင်ကယ်ကိုဘေးက ဘေးတွဲနဲ့တွဲထားတာပါ သူ့မိုဘိုင်းစျေးဆိုင်လေးကပိုပြီးခိုင်မာသွားတာ

ပေါ့အကြွေးလည်းရောင်းပေးတယ်သူက စိတ်သဘောထားကောင်းသူတစ်ယောက်ပါသူ့စျေးဆိုင်နားကပ်လိုက်ရင် အနံ့ပေါင်းစုံ ရဲ့အနံ့ကမွှေးနေတာ တစ်ခါတလေ မိုးတွင်းဆိုရင် စက်ဘီးနဲ့ချော်လဲနေသေးတာ…

ကဲရေးထားတာတွေကတော့များနေပြီ နောက်ရက်မှ ဦးလှရွှေကြီးကို တွေ့ရင်မေးကြည့် ရဦးမယ်ဗျာ့ ။

( ** အတော့်ကို စုံသလောက် ရှိသွားပါပြီ ၊ကျန်ခဲ့တဲ့ အကြောင်းအရာတွေ ရှိရင်လည်း ဖြည့်ပြောပေးသွား ကြပါအုန်း ဗျ 🙂 )မူရင်း မန္တလေးမြင်ကွင်းစုံ (Page) 28.8.2019 အား လေးစားစွာ ခရက်ဒစ်ပြန်လည်မျှဝေဖော်ပြပါသည်။