သူမရဲ့တစ်သက်မှာတစ်ခါသာကျင်းပရတဲ့မင်္ဂလာပွဲကို စိတ်ကူးထဲကအတိုင်း တစ်ထပ်တည်းကျအောင် စိတ်တိုင်းကျဖန်တီးကျင်းပခဲ့တဲ့ စုလင်းရှိန်












Source: Su Lin Shein ‘s fb


“မာယာလှည့်ကွက်”၊ “စေတလုံးမောင်ဘုန်း” စတဲ့ ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင် စုလင်းရှိန်ကို ပရိသတ်ကြီး

ရင်းနှီးပြီးသားဖြစ်မှာပါ။ စုလင်းရှိန်ဟာ နာမည်ရစပြုနေတဲ့အချိန်မှာပဲ နိုင်ငံရေးပြဿနာတွေကြောင့် သူမဟာ လအ

တော်ကြာ ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပြီး”စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲပြသချိန်မှာ လူမှုကွန်

ယက်စာမျက်နှာကို ပြန်လည်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ချစ်သူရဲ့ လက်ထပ်ခွင့်ကိုရရှိခဲ့ပြီးနောက် မင်္ဂလာပွဲကျင်းပခဲ့ပြီဖြစ်တဲ့ စုလင်းရှိန်ဟာ ဒီကနေ့မှာတော့ သူမရဲ့ မင်္ဂလာပွဲက

ဓာတ်ပုံတွေကို ပရိသတ်တွေဆီချပြလာပါတယ်။ စုလင်းရှိန်က Stitch ကာတွန်းရုပ်ကြိုက်သူပီပီ သူမရဲ့တစ်သက်မှာ

တစ်ခါပဲရှိတဲ့ မင်္ဂလာပွဲကို သူမကြိုက်တဲ့ Stitch ရုပ်လေးတွေနဲ့ ဖန်တီးခဲ့ပြီး သူမရဲ့စိတ်ကူးနဲ့တစ်ထပ်တည်းကျခဲ့တယ်

လို့ဆိုပါတယ်။

စုလင်းရှိန်ကတော့ ကာတွန်းရုပ်ကြိုက်သူပီပီ တစ်သက်မှာတစ်ခါကျင်းပရတဲ့ မင်္ဂလာပွဲကို သူမစိတ်ကြိုက်ဖန်တီးခွင့်ရခဲ့

သလို သူမရဲ့ခင်ပွန်းကလည်း သူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တာပဲဖြစ်ပါတယ်။ စုလင်းရှိန်ရဲ့ မင်္ဂလာပွဲကတော့ ဂုဏ်ရှိသူ

ပိုက်ဆံတတ်နိုင်သူပီပီ ခမ်းနားလှပနေတာ ပရိသတ်ကြီးမျက်မြင်ပါပဲ။

Source: Su Lin Shein ‘s fb

Credit ; Cele Active World