မြင်တဲ့သူတိုင်းက ဟယ်ချစ်စရာ၊ လှလိုက်တာ၊ မင်းသမီးလားဆိုရသည်အထိ အင်းလျားဆောင်က မွှေးပျံ့လွန်းခဲ့သည့် စပယ်ပန်းတစ်ပွင့်…

မြင်တဲ့သူတိုင်းက ဟယ်ချစ်စရာ၊ လှလိုက်တာ၊ မင်းသမီးလားဆိုရသည်အထိ အင်းလျားဆောင်က မွှေးပျံ့လွန်းခဲ့သည့်

စပယ်ပန်းတစ်ပွင့်…ဒီပုံလေးက မနေ့တစ်နေ့ကမှ ကျွန်တော့်သူငယ်ချင်း သူ့သားကပေးသွားတာ၊ သူငယ်ချင်းပြန်သွားမှ

ကြည့်ဖြစ်တာ ကိုယ်တိုင်က ဟာကနဲဖြစ်မိတာပဲ။ဒီပုံလေးကို မြင်တဲ့သူတိုင်းက ဟယ်ချစ်စရာ၊ လှလိုက်တာ၊

မင်းသမီးလားတဲ့ မဟုတ်ပါဖူး။ကျွန်တော်ကတော့ ဒီလိုပြောချင်တာပါ။ နှလုံးသားကို မြင်နေရတဲ့ မျက်နှာလို့ပါ။ ကြည့်ပါလား အမြင်မှာတင် သူများဆီက

ဘာအမြတ်မှထုတ်ယူမှာ မဟုတ်ဖူးလို့ အပြီးမြင်နေရတယ်။မျက်နှာလေးက လှလိုက်တာဆိုတာထက် နှလုံးသားလေးက

လှလိုက်တာလို့ ခင်ဗျားလည်း ပြောမိမှာပါပဲ။၁၉၄၄က မွေးတဲ့ သူမက ၂၁ နှစ်အကြာ ၁၉၆၅ မှာ ရန်ကုန်ကို လာခဲ့တယ်တဲ့၊

ရန်ကုန်တက္ကသိုလ်ကို တက်ဖို့ပါ။ သူမက အင်းလျားဆောင်မှာ နေပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးတယ်။

၁၉၆၅ မှာ အင်းလျားဆောင်ကို ဝင်ခဲ့တဲ့သူမက နောင် ၉ နှစ် အကြာမှာ ပထမဆုံး စာအုပ်တစ်အုပ် ထုတ်ဝေလိုက်တယ်။

ပျောက်သောလမ်းမှာ စမ်းတဝါး တဲ့။အဲဒါ ၁၉၇၄ ခုနှစ်အတွက် အမျိုးသား စာပေဆု ရခဲ့တဲ့ စာအုပ်လည်း ဖြစ်ခဲ့ပါတယ်။နှလုံးသားလှတာကို မျက်နှာမှာ

မြင်နေရတဲ့ ဒီဓါတ်ပုံပိုင်ရှင်ကသူနေထိုင်ခဲ့တဲ့ အဆောင်ရဲ့အမည်နာမကို သူ့နာမည်နဲ့အတူတွဲပြီး မိုးမိုး( အင်းလျား)

ဆိုတဲ့အမည်နဲ့ စာတွေ ဆက်တိုက် ရေးပါတော့တယ်။ကြည့်ပါဦး ၁၉၇၈ – သဗေ္ဗသတ္တာ အဝေရာဟောန္တု ၁၉၇၈ – မှ

တစ်ပါး အခြားမရှိပြီ ၁၉၇၉ – ရွှေတိဂုံကို မြင်လျှင် ၁၉၈၀ – ငြိမ်းကိုရှက်ပါ ၁၉၈၀ – ဂျိုး ၁၉၈၀ – သမုဒ္ဒရာခုနှစ်စင်း

မြစ်မင်းတစ်ဆယ့်သုံးသွယ် ၁၉၈၁ – ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ ၁၉၈၁ – ပန်းရိုင်းတရာ၁၉၈၁ – ညီမလေးက

အချစ်ကိုကိုးကွယ်သတဲ့လား ၁၉၈၂ – မသုဓမ္မစာရီ ၁၉၈၃ – နာမကျန်းသည် အိုနှင်းဆီ ၁၉၈၃ – မြန်မာပြည်မှာ

နေကြသည် ၁၉၈၃ – ကြွေရင် အတူကြွေမယ် ၁၉၈၅ – မီးရောင်အောက်ကိုဝင်လျှင် စသည်ဖြင့်တဲ့အခုပုံက

ဆရာမ မိုးမိုး( အင်းလျား) ရဲ့ပုံပဲ။ ဆရာမရဲ့ ပုံကို နောက်ခေတ်တွေမှာ လိုက်ကြည့်လည်း ဒီမျက်နှာ အတိုင်းပဲ။ပုံတွေကိုလိုက်ကြည့်မနေပါနဲ့ စာအုပ်ခေါင်းစဉ်တွေပဲ ကြည့်ပါလားလို့ ပြောချင်တာက ဆရာမရဲ့ နှလုံးသားက ဒီပုံထဲက

အတိုင်းပဲ စာတွေကလည်း ဆရာမရဲ့ လှတဲ့ နှလုံးသားကို မြင်နေရတာပဲ မဟုတ်လား။ဆရာမရဲ့နောက်ဆုံးစာအုပ်က

၁၉၈၇ မှာ ထုတ်ဝေခဲ့တဲ့ ခံတက်နုလေးတွေ ညှိုးချိန်တန်တော့ တဲ့။ ဆရာမ မိုးမိုး(အင်းလျား) သေဆုံးသွားခဲ့ပါပြီ။

၁၉၆၅ အင်းလျားဆောင်ကို ရောက်စဉ်ကပင် ၁၉၆၅ တိုင်းရင်းမေဂျာနယ်မှာရေးသား ပါဝင်ခဲ့တဲ့ ရွက်လှပန်းကလေးကိုယ့်ဘဝ

ကဗျာကတည်းက မိုးမိုး( အင်းလျား) နာမည်နဲ့ စာတွေရေးခဲ့တဲ့ ဆရာမ မိုးမိုး(အင်းလျား)က ၁၉၉၀ မတ်လ ၁၃ ရက်နေ့

၄၆ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်။ဆရာမ မိုးမိုး(အင်းလျား) သေဆုံးချိန်က ရှေ့က အင်းလျားဆောင်သူ စာရေးဆရာမကြီး

လူထု ဒေါ်အမာက နှမြောလိုက်တာ မိုးမိုးရယ်။ ဖြေမဆည်နိုင်အောင်ပါပဲ လို့ ရေးသားခဲ့တာ မှတ်မိနေပါတယ်။ဆရာမ မိုးမိုး(အင်းလျား) ရဲ့ဂုဏ်က ကျွန်တော်ပြောဆိုရန် မဝံ့ပါ ပြောဆိုရန်လည်း မသင့်ပါ၊သို့သော် မျှဝေရန်က

၁၉၆၅ မှ ၁၉၈၇ အထိ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်းသိဖို့က ဆရာမ မိုးမိုး(အင်းလျား)ရဲ့

စာတွေမှတစ်ပါး အခြားပြောပြနိုင်တဲ့သူမရှိပါ။ပညာရှင်များက ညောင်ရမ်းခေတ်က ဝန်ကြီးပဒေသရာဇာရဲ့စာတွေကို

အကဲဖြတ်ခဲ့ကြတာလေးကို သတိရမိပါတယ်။ဝန်ကြီးသည် သူ၏တျာချင်းများထဲတွင် ညောင်ရမ်းခေတ်သာမာန်ပြည်

သူတို့၏ဘဝကို နှိမ့်လည်းမနှိမ့်ချ၊ ဂုဏ်လည်းမတင် အရှိအတိုင်းသာ ဖွဲ့ဆိုခဲ့လေသည်တဲ့။ဆရာမ မိုးမိုး(အင်းလျား) တွင်လည်း ထိုဂုဏ်နှင့် ပြည့်စုံလျက်ဆိုတာ မြင်နေရပါတယ်။ ဆရာမဟာ ကျရောက်လာတဲ့

ခေတ်ရဲ့တာဝန်ကို မိမိနေထိုင်ခဲ့ရာ အင်းလျား ဟူသောအမည်နှင့်အတူ တွဲလျက် ကျေပြွန်ခဲ့သော အင်းလျားဆောင်က

မွှေးပျံ့လွန်းသည့် စပယ်ပန်းတစ်ပွင့်ပါလေ။နိုင်ငံတွင်းသာမက နယ်နိမိတ်စည်းများကိုပါကျော်လျက် လူ့စရိုက်လူ့သဘာဝကို

ကျွမ်းကျင်ပိုင်နိုင်စွာ ရေးဖွဲ့တတ်သည့် နှလုံးသားလှသော မြန်မာပြည်က စာရေးဆရာမဟု မိုးမိုး(အင်းလျား) ဟူသော

အမည်နာမ မှာတင် ပြည့်စုံစေခဲ့သူတစ်ဦးပါလေ။( အင်းလျားဆောင် ဓါတ်ပုံပြပွဲအတွက် မင့်အမေဓါတ်ပုံလိုလို့ဆိုတာနှင့် လာပို့သွားသော သူငယ်ချင်း နေမျိုးညွန့်

ကိုယ်ကြိုက်သော စာရေးဆရာမ ဖြစ်ပါလျက် ငါဘာလို့ မင့်အမေဓါတ်ပုံကိုတောင်းမကြည့်မိတာပါလိမ့်ဆိုတာနဲ့

မင်းနဲ့ငါနဲ့ အရေးမပါတဲ့အကြောင်းအရာတွေသာ တစ်သက်လုံး ငြင်းခုန်နေခဲ့ကြပြီး ဘာလို့ မင့်အမေအကြောင်းကို

မေးမကြည့်မိတာပါလိမ့်လို့ နောင်တရကြောင်း နှင့် ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ကြောင်းပါ။ )