မြန်မာ့မီးရထားသမိုင်းမှာ ခမ်းနားစွာ တည်ရှိခဲ့သော်လည်း ကမ္ဘာစစ်ကြောင့် ပျောက်ကွယ်သွားခဲ့ရတဲ့ အမှတ်တရတခု (သို့) ကွမ်းခြံဘူတာ ခေါ် ရန်ကုန်ဘူတာကြီး…

မြန်မာ့မီးရထားသမိုင်းမှာ ခမ်းနားစွာ တည်ရှိခဲ့သော်လည်း ကမ္ဘာစစ်ကြောင့် ပျောက်ကွယ်သွားခဲ့ရတဲ့

အမှတ်တရတခု (သို့) ကွမ်းခြံဘူတာ ခေါ် ရန်ကုန်ဘူတာကြီး…အောက်ဖော်ပြပါ ရန်ကုန်ဘူတာ

အဆောက်အဦးအား (၁၉၁၀) ခုနှစ်တွင် ဆောက်လုပ်ခဲ့ပါသည်။(၁၈၇၆)ခုနှစ်၌ ပထမဦးဆုံး ဆောက်လုပ်ခဲ့သော သွပ်မိုးသစ်သားနှင့်ဘူတာရုံအဆောက်အဦးအား ဖျက်သိမ်းလိုက်ကာ

ယခုဘူတာရုံအား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။အဆာက်အဦးဒီဇိုင်းအား အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှ အစုိးရ ဗိသုကာ

အကြံပေးဟောင်း “မစ္စတာဝီလ်ကော့” မှ ဒီဇိုင်းပုံစံရေးဆွဲပေးခဲ့သည်။မစ္စတာဝီကော့သည် ရန်ကုန်ဘူတာကြီးကို

စီမံကိန်းဧရိယာ စတုန်ရန်းပေ (၁၀၀၀၀၀) အနက် ဘူတာကြီး ပင်မအဆောက်အဦအတွက် စတုရန်းပေ ( ၆၀၄၀၀) နှင့်

ကျန်အဆောက်အဦများနှင့် ရထားလမ်းအတွက် ၅၈၄၀၀ စတုရန်းပေ အသုံးပြုရန် ပုံစံထုတ်ခဲ့သည်။ထိုဘူတာကြီးတွင်

ပေ (၁၀၀၀) ရှည်ပီး (၅)ပေ ကျယ်သော စကြင်္ ံများနှင့် ပေ (၂၅၀) ရှည်သော ကုန်လှောင်ရုံများလည်းပါဝင်ခဲ့သည်။အဆောက်အဦးပုံစံမှာ ကိုလိုနီခေတ် လက်ရာ ဝိတိုရိယအဆောက်အဦးဖြစ်သည်။ဘူတာကြီး၏

မျက်နှာစာတွင် မော်တော်ကား၊ မြင်းလှည်း၊ လန်ချားနှင့်လက်တွန်းလှည်းများ ရပ်နားရန်နေရာနှင့် ကုန်ပစ္စည်းများ

သယ်ယူရန်နေရာများ ပြုလုပ်ခဲ့သည်။ဘူတာကြီး၏ တောင်ဘက်တွင် ဗိသုကာပညာရှင် မစ္စတာဝီလ်ကော့ကို

ဂုဏ်ပြုသော နာရီစင်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဘူတာဝင်းကြီး၏ အနောက်ဘက်တွင် မီးရထားဟိုတယ်တစ်ခုကို

ဖွင့်လှစ်ခဲ့သည်။ထိုဘူတာရုံအတွက် ကုန်ကျစရိတ်မှာ (၃,၂၄၂,၀၀၀) ကျပ်ကုန်ကျခဲ့၏။ဘူတာရုံအား (၁၉၁၁) ခုနှစ်

ဧပြီလ (၄)ရက်နေ့တွက် ဒုတိယဘုရင်ခံချုပ် ဆာဟင်နရီအဒမ်ဆင် ကိုယ်တိုင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ဘူတာရုံအနီးတွင် ကွမ်းခြံများရှိသောကြောင့် “ကွမ်းခြံဘူတာ”ဟူ၍လည်း ခေါ်တွင်လေသည်။ဒုတိယကမ္ဘာစစ်၌

ထိုဘူတာရုံအဆောက်အဦးမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့လေသည်။ယနေ့ခေတ် မြင်တွေ့နေရသော ရန်ကုန်ဘူတာကြီး

အဆောက်အဦးမှာ (၁၉၄၇ ) ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ကိုးကား – မြန်မာတိုင်းမ် Web Page မှ ဇင်ယော် (မာန်) ၏ ရှေးဟောင်းသမိုင်းဝင် ရန်ကုန်ဘူတာကြီး

◾အောင်မင်းမြင့် – မီးရထားသမိုင်း ◾ဓာတ်ပုံ – Alamy stock photo websiteမူရင်း

ဆရာ Zaw Moe Aung (၁၅.၁၀.၂၀၂၁) ရေးသားသည်။ လေးစားစွာဖြင့် ခရက်ဒစ် / ပြန်လည်မျှဝေဖော်ပြပါသည်။