ယူနန်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေရဲ့ နာမည်ကျော် စံပယ်ပန်းကြော်…

ယူနန်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေရဲ့ နာမည်ကျော် စံပယ်ပန်းကြော်…မြန်မာပြည်မှာတော့ စံပယ်ပန်းကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်တဲ့ အလေ့အထ မရှိကြပါဘူး။ဒါပေမဲ့ ယူနန်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေကတော့ ပန်းမျိုးစုံကို မုန့်ပဲသရေစာ၊ ဟင်းလျာများအဖြစ်

ချက်ပြုတ်စားသောက်တတ်ကြပါတယ်။အဲဒီထဲကမှ နှင်းဆီပန်းကို ဌာပနာထားတဲ့မုန့်နဲ့ စပယ်ပန်းတို့ဟင်းလျာတို့

ဟာလည်း ယူနန်ပြည်နယ်ရဲ့ နာမည်ကျော် ပန်းနဲ့လုပ်တဲ့ အစားအစာမှာ အပါအဝင်ဖြစ်ပါတယ်။စံပယ်ပန်းဆိုတာထက်

စံပယ်ဖူးဆိုရင် ပိုပြီးမှန်ပါမယ်။အဲဒီအဖူးလေးတွေကို ကြက်သွန်ဖြူ၊ ကျို့ဆိုင်ရွက်၊ ငရုပ်သီးတို့နဲ့ ဟင်းတစ်ခွက်အဖြစ် ကြော်လှော်ထားတာပါ။ကြွက်နားရွက်မှိုနဲ့လည်း ကြော်စားကြသလို ကြက်ဥနဲ့ ကြော်စားတာမျိုးလည်း ရှိပါတယ်။စံပယ်ပန်းတွေကို အနံ့၊

အရသာ မပျက်စေပဲ အခြောက်ခံပြီး ဟင်းချက်ရာမှာထည့်လေ့ရှိသလို ရေနွေးကြမ်းအဖြစ်လည်း သောက်ကြပါသေးတယ်။

ယူနန်ပြည်နယ်ထွက် Jasmine tea ကတော့ လ္ဘက်ခြောက်ကောင်းကောင်း၊ စံပယ်ပန်းနံ့မွှေးမွှေးနဲ့မို့ နာမည်ကြီးလှပါတယ်။ဒါကတော့ ကျွန်မတို့ဆီမှာ မစားဖြစ်ကြတဲ့ အစားအသောက် အထူးအဆန်းလေးကို ဗဟုသုတအဖြစ် ပြန်လည်

မျှဝေတာ ဖြစ်ပါတယ်။အိမ်မှာ စံပယ်ပန်းတွေ စိုက်ထားသူများ ဟင်းတစ်ခွက်အဖြစ်အသုံးချဖို့အတွက်လည်း

ဟင်းချက်နည်းလေး မျှဝေတာ ဖြစ်ပါတယ့်။ပထမဆုံးပုံက ကိုယ်တိုင်ရိုက်ခဲ့တာဖြစ်ပြီး ကျန်တဲ့ပုံတွေကတော့

အင်တာနက်က ယူထားတာပါ။