
အဆိုေတာ္ ေက်ာ္ထြဋ္ေဆြနဲ႔ သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္ နန္းသူဇာတို႔ကေတာ့ အႏုပညာေလာကရဲ့ နာမည္ႀကီး
ခ်စ္သူစုံတြဲေလးပဲျဖစ္ပါတယ္။ စိတ္တူကိုယ္တူရွိသလို ဝါသနာခ်င္းလည္းထပ္တူက်တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔
ဟာ ခ်စ္သူသက္တမ္း (၁၁) ႏွစ္တိုင္တိုင္ လက္တြဲမျဖဳတ္စတမ္း ခ်စ္ေနၾကတဲ့ စုံတြဲေလးတစ္တြဲဆိုလည္း မမွားပါဘူး။ ပရိသတ္ေ
တြကလည္း ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ စုံတြဲေလးကို အားက်စိတ္နဲ႔ အားေပးေနၾကလ်က္ရွိတာပဲျဖစ္ပါတယ္။
ပရိသတ္ေတြအားက်ရတဲ့ စုံတြဲေလးျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ဟာ ဒီကေန႔မွာေတာ့ ပရိသတ္ေ
တြဆီ ဝမ္းသာစရာသတင္းေကာင္းတစ္ခုကို မၽွေဝေပးလာခဲ့ျပန္ပါၿပီ။ ဒီကေန႔မွာေတာ့ ေက်ာ္ထြဋ္ေဆြက
ခ်စ္သူနန္းသူဇာကို သူငယ္ခ်င္းေတြနဲ႔တိုင္ပင္ၿပီး လက္ထပ္ခြင့္ေတာင္းခဲ့သလို နန္းသူဇာကလည္း ေက်ာ္ထြဋ္ေဆြရဲ့
လက္ထပ္ခြင့္ေတာင္းခံမႈကိုလည္း လက္ခံခဲ့ေၾကာင္း “I said YES ဒီတခါေတာ့ ကိုေက်ာ္ႀကီး Surprise ေ
အာင္ျမင္ခဲ့ၿပီ ” ဆိုၿပီး သူမရဲ့အေပ်ာ္ေလးကို မၽွေဝေပးလာပါတယ္။
ပရိသတ္ေတြ ဘယ္အခ်ိန္လက္ထပ္မလဲဆိုတာကို ေစာင့္ဆိုင္းေနၾကတဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔က ခ်စ္သူဘဝ
ကေန တဆင့္တက္နိုင္ဖို႔ မၾကာခင္မွာ လက္ထပ္ပြဲႀကီးက်င္းပေတာ့မွာ ေသခ်ာသြားပါၿပီ။ ပရိသတ္ႀကီးလည္း ေက်ာ္ထြ
ဋ္ေဆြနဲ႔ နန္းသူဇာတို႔နဲ႔ ထပ္တူ ဝမ္းသာေပ်ာ္ရႊင္ေနၾက မယ္ထင္ပါတယ္ေနာ္
Source: Nann Thuzar ‘s fb
Credit ; Cele Active World
အဆိုတော် ကျော်ထွဋ်ဆွေနဲ့ သရုပ်ဆောင် မော်ဒယ်လ် နန်းသူဇာတို့ကတော့ အနုပညာလောကရဲ့ နာမည်ကြီး ချစ်သူစုံတွဲလေး
ပဲဖြစ်ပါတယ်။ စိတ်တူကိုယ်တူရှိသလို ဝါသနာချင်းလည်းထပ်တူကျတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ ချစ်သူသက်တမ်း
(၁၁) နှစ်တိုင်တိုင် လက်တွဲမဖြုတ်စတမ်း ချစ်နေကြတဲ့ စုံတွဲလေးတစ်တွဲဆိုလည်း မမှားပါဘူး။ ပရိသတ်တွေကလည်း
ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ စုံတွဲလေးကို အားကျစိတ်နဲ့ အားပေးနေကြလျက်ရှိတာပဲဖြစ်ပါတယ်။
ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ ဒီကနေ့မှာတော့ ပရိသတ်တွေဆီ ဝမ်းသာစရာ
သတင်းကောင်းတစ်ခုကို မျှဝေပေးလာခဲ့ပြန်ပါပြီ။ ဒီကနေ့မှာတော့ ကျော်ထွဋ်ဆွေက ချစ်သူနန်းသူဇာကို သူငယ်ချင်းတွေနဲ့
တိုင်ပင်ပြီး လက်ထပ်ခွင့်တောင်းခဲ့သလို နန်းသူဇာကလည်း ကျော်ထွဋ်ဆွေရဲ့ လက်ထပ်ခွင့်တောင်းခံမှုကိုလည်း လက်ခံခဲ့
ကြောင်း “I said YES ဒီတခါတော့ ကိုကျော်ကြီး Surprise အောင်မြင်ခဲ့ပြီ
” ဆိုပြီး သူမရဲ့အပျော်လေးကို မျှဝေ
ပေးလာပါတယ်။ပရိသတ်တွေ ဘယ်အချိန်လက်ထပ်မလဲဆိုတာကို စောင့်ဆိုင်းနေကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့က
ချစ်သူဘဝကနေ တဆင့်တက်နိုင်ဖို့ မကြာခင်မှာ လက်ထပ်ပွဲကြီးကျင်းပတော့မှာ သေချာသွားပါပြီ။ ပရိသတ်ကြီးလည်း
ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့နဲ့ ထပ်တူ ဝမ်းသာပျော်ရွှင်နေကြ မယ်ထင်ပါတယ်နော်
Source: Nann Thuzar ‘s fb
Credit ; Cele Active World