အကယ်ဒမီ မရခဲ့သော မိဆွေ “မေဆွိ” အကြောင်း
( ချစ်သူတိုင်း ဖတ်သွားပေး)
##########
ပြောချင်လွန်းလို့ ပြောမယ့်…
အဆိုတော် မင်းသမီး တစ်ယောက် ရှိတယ် 

အဲဒီသူက ” မဆှေိ” 

မေဆွိ ရဲ့ သီချင်းတွေအကြောင်း ပြောရမယ်ဆိုရင်
တရက်တည တောင် ပြီးမှာမဟုတ်ဖူး.. 

ပန်းသီး သီချင်းများ , တူနှစ်ကိုယ်တိုင်းပြည်က စလို့ ရင်ထဲ စိုးပိုင်, နှလုံးသားထဲ စိုင်းထီးစိုင် ,,လို ပြန်ဆိုတေးတွေ,, ရေဒီယိုသီချင်းများက စလို့ ပုစွန် ဆိတ် ကလေးဘယ်လိုနေ,, ကနေ
မောင်ကြေးမုံရဲ့ မြန်မာသံစဉ် သီချင်းတွေ အထိ မေဆွိ ရဲ့ လွှမ်းမိုး မှု အောင်မြင် မှု ဟာ ကြောက်ဖို့ကောင်းပါတယ်။ “မောင် ” အိပ်ဆေး မရှိ,
” အတ္တ” တို့ဆိုတာ ပြောစရာမလိုသော… 

သီချင်းဆိုတာ သိတဲ့ အသက် ၃ နှစ်
၄ နှစ် လောက်ကတည်းက မေဆွိဟာ
ကိုယ့် နှလုံးသားကို ကိုင်လှုပ်ခဲ့သူပါ။ ဒါပေမယ့် အခု ကိုယ်ရေးချင်တာ က မေဆွိ ရဲ့
အောင်မြင်ကျော်ကြားခဲ့သော
မရေတွက်နိုင်သော တေးသီချင်းများ
အကြောင်းမဟုတ်ဖူး။
မေဆွိရဲ့ ရုပ်ရှင်တွေ နဲ့ ဖက်ရှင်တွေ အကြောင်း..
မို့မို့မြင့်အောင် လျှမ်းလျှမ်းတောက်နေတဲ့အချိန် မှာ မေဆွိဟာလည်း သူ့နီးနီး ကို ရုပ်ရှင် မှာ လျှမ်းလျှမ်းတောက်အောင်မြင်သူပဲ။
ခင်နှင်းယုရဲ့ မွှေး လို ဝတ္တု ကို မေဆွိ ဟာ မွှေး ဖြစ်အောင်ရိုက်နိင်ခဲ့တာ က မေဆွိရဲ့ သရုပ်ဆောင် အတတ်ပညာ မခေတာ သက်သေပဲ,,
မုန်းရခက်ကြီး ထဲက နုနုဝေ ကို ကြည့် ဦး ,, ဒီနေ့ ထကြည့် ဒီနေ့ ရင်ထဲရောက်တာပဲ။ သွားခေါနေတဲ့ ကျော်ဟိန်း တောသား ကျော်ဟိန်း ရဲ့ ရွာ ကိုလိုက် သွားရတဲ့ ချစ်လွန်းကေသီ ကိုကြည့်မလား ,, မေဆွိ ဟာ ကျော်ဟိန်း လို အနူပညာ ကဝေ နဲ့ အပြ်ုင် သရုပ်ဆောင် သွားတာ အခုထိ
ကြည့်မဝ နိုင်ဘူး။ ခပ်စိမ်းစိမ်းပဲ နေပါ့မယ် ထဲမှာ
မမဝေ လို အနုပညာ ကဝေမကြီး မို့မို့မြင့်အောင် နဲ့ အပြိုင် သရုပ်ဆောင်ရတော့ မူနွဲ့နေတာများ ချစ်ဖို့ သိပ်ကောင်းတာပဲ.,,
မိုးညအိမ်မက်မြူလို ဇာတ်ကားကြီး, ပြေငြိမ်း မေဆွိ , ကျော်သူ မေဆွိ ,စိုးသူ
မေဆွိ , ရန်အောင် မေဆွိ, ရဲအောင် မေဆွိ ,,,
မောင်သန်းဝင်း ၊ဆိုးပေ မောင်မဲ , ကစလို့
ကျော်သက် , ကိုကိုလင်းမောင် အဆုံး မေဆွိ တွဲ မရိုက်ဘူးတဲ့ လူမရှိဘူး,,။ မေဆွိ ရဲ့ သရုပ်ဆောင် ချက်တွေမှာ ထူးခြားတာ တခုရှိတယ် ,, အဲဒါ အိုဗာ မဖြစ်တာဘဲ , အခုခေတ် မှ နာမည်ကြီး လာတဲ့
ခပ်ပါးပါးနဲ့ သဘာဝအတိုင်း သရုပ်ဆောင် တယ်ဆိုတာ အဲဒီခေတ်မှာ မေဆွိ ပဲရှိခဲ့တယ်။
သရုပ်ဆောင် တာ ပဲ မများတာလည်း မေဆွိပဲ..
သရုပ်ဆောင်တာ အပို မဖြစ်လို့လည်း ရုပ်ရှင် တွေ မရီနိုင်အောင် ရိုက်ခဲ့ပေမယ့် အကယ်ဒမီ
မရခဲ့တာပဲ။ အဲဒီခေတ်က အိုဗာ ခေတ်လေ 

အိုဗာ လုပ်တာ အနုပညာလို့ ထင်တာကိုး ။
မေဆွိ ဟာ သီချင်းဆိုတာ သရုပ်ဆောင်တာ ကောင်းတာထက် နောက်ထပ်အကြိုက်ဆုံးဖြစ်တာ က
မေဆွိ ရဲ့ ဖက်ရှင်ပဲ 

၁၉၇၈ လောက်နေ ၁၉၉၃ အထိ မေဆွိဖက်ရှင်တွေကို ပြန်ကြည့်တော့ ကြက်သီးထလောက်အောင် ခေတ်ရှေ့ပြေးတယ်.. လှတယ်. စမတ်ကျတယ်… မေဆွိ အကြောင်းလို့ ပြောရင်
ဒီထက်ရေးချင်သေးတယ် ,, ဒါပေမယ့် ဒီလောက်ပဲ ရပ်လိုက်မယ်.. မေဆွိ အနုပညာ
ကို ကိုယ်တိုင် တွေးရတာ ပိုကြိုက်လ်ု့ 

##########
” အတ်တ” တို့ဆိုတာ ပွောစရာမလိုသော…
သီခငြျးဆိုတာ သိတဲ့ အသကျ ၃ နှဈ